Local News

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပဲတင်ပို့မည့် လုပ်ငန်းရှင်များ မှတ်ပုံတင်လျှောက်ထားပါက သိရှိ လိုက်နာရန်

Last Updated:

နေပြည်တော်၊ ဇန်နဝါရီလ ၁၈ မြန်မာနိုင်ငံမှ Dried Beans များ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၌ မှတ်ပုံတင်လျှောက်ထားရာတွင် Mung bean (ပဲတီစိမ်း) တစ်ခု တည်းကို လျှောက်ထားပါက တရုတ်နိုင်ငံမှ မှတ်ပုံတင်အမှတ် CHINA REG.No ကို Mung beans (ပဲတီစိမ်း)ဟု ဖော်ပြခြင်း မရှိဘဲ Category အမည် (Dried Beans) ဖြင့်သာ ရရှိမည်ဖြစ်ကြောင်း၊ သို့သော် Dried Beans ဟု ဖော်ပြထား သော်လည်း မှတ်ပုံတင် လျှောက်ထားစဉ်က Mung beans (ပဲတီစိမ်း ) ကိုသာ လျှောက်ထားခဲ့ခြင်းဖြစ်ပါက ၎င်း Mung beans (ပဲတီစိမ်း) တစ်မျိုးတည်း ကိုသာ တင်ပို့ခွင့်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မှတ်ပုံတင်လျှောက်ထားလျှင် မိမိတင်ပို့လိုသော ပဲအမျိုးအမည်အားလုံးကို ဖော်ပြ လျှောက်ထားရန် လိုအပ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

Source: စိုက်ပျိုးရေးဦးစီးဌာန

Category: Local News